Myanmar IT Masters
Would you like to react to this message? Create an account in a few clicks or log in to continue.
Myanmar IT Masters

Welcome to Myanmar IT Masters
 
HomeSearchLatest imagesRegisterLog inOrganized by LiN-X Computer Services Group

 

 အသုံးမပြုမီဖတ်ရှုပေးပါ...

Go down 
AuthorMessage
Admin
Admin
Admin
Admin


Posts : 7
Join date : 2010-08-22

အသုံးမပြုမီဖတ်ရှုပေးပါ... Empty
PostSubject: အသုံးမပြုမီဖတ်ရှုပေးပါ...   အသုံးမပြုမီဖတ်ရှုပေးပါ... I_icon_minitimeSat Sep 04, 2010 2:20 am

ဤဖိုရမ်ကို အသုံးပြုရန် မှတ်ပုံမတင်မှီ သဘောတူညီချက်လေးများနဲ့ လိုက်နာရမည့် စည်းကမ်းအချို့ကို အရင်ဆုံး ဖတ်ရှု့ပါ။ ဖိုရမ်သည် မည်သည့် အသင်းအဖွဲ့နှင့်မှ ပတ်သက်ခြင်းမရှိပါ။ Myanmar IT Master သည် မြန်မာနိုင်ငံတွင်းရှိ ကျောင်းသားလူငယ်လေးများက မိမိတို့တက်စွမ်းသလောက်ဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ဖိုရမ်ကိုပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာ အရပ်ရပ်ရှိ မြန်မာလူမျိုးများ အင်တာနက်ပေါ်မှ နည်းပညာ နှင့် သက်ဆိုင် သော အကြံဥာဏ်များကို ၀ိုင်းဝန်းတောင်းခံ ကူညီဖြေရှင်းပေးနိုင်ကြအောင် ၊ မိမိတို့တွင် ရှိထား သိထားသည်များကို အခြားသူများသို့ အလွယ်တကူမျှဝေနိုင်အောင် ရည်ရွယ်ပါသည်။ ထို့ကြောင့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုလုပ်ထားသော ဖိုရမ်ဖြစ်သည်နှင့်အညီ အသုံပြုသူများမှလည်း အောက်ပါစည်းကမ်းများကို လိုက်နာစေလိုပါသည်။


ဖိုရမ် အခြေခံစည်းကမ်းများ

( ၁ ) မည်သည့်နိုင်ငံနှင့်မျှ ပတ်သတ်သော နိုင်ငံရေးနှင့် သက်ဆိုင်သော အပြောအဆို အရေးအသား စာအုပ် တေးသီချင်း ရုပ်ရှင် များ လုံးဝမတင်ရပါ။
( ၂ ) ညစ်ညမ်းသော အပြောအဆို အရေးအသား စာအုပ် ရုပ်ပုံ တေးသီချင်း ရုပ်ရှင် များ လုံးဝ မတင်ရပါ။
( ၃ ) ဖိုရမ်တွင် အသင်းသား အချင်းချင်း စိတ်ဝမ်းကွဲစေမည့် အပြုအမူ အပြောအဆို အရေးအသားများ မပြုလုပ်ရ။
( ၄ ) ဖိုရမ်တွင် တစ်ဖက်သားကို ထိခိုက်နစ်နာစေနိုင်သော အပြုအမူ အပြောအဆို အရေးအသားများ ဆဲရေးတိုင်းထွားခြင်းများ မပြုလုပ်ရ။
( ၅ ) အသင်းသား အချင်းချင်း ပေးပို့စာ ( PM ) များဖြင့် တစ်ဖက်သားကို ထိခိုက်နစ်နာစေနိုင်သော အပြုအမူ အရေးအသားများ ပေးပို့ခြင်း မပြုလုပ်ရ။
( ၆ ) မည်သူတစ်ဦးတစ်ယောက် ကိုမှ အကျိုးမရှိစေနိုင်သော အပြုအမူ အပြောအဆို အရေးအသားများ မပြုလုပ်ရ။
( ၇ ) ဖိုရမ်တွင် ဘာသာရေးကို ထိခိုက် စေသော ဆွေးနွေးချက်များမတင်ရ။
( ၈ ) ဖိုရမ်မှ အခါအားလျှော်စွာ ထုတ်ပြန်လာသော စည်းကမ်းများကို လိုက်နာမည်။



ဆွေးနွေးချက်များ ရေးသားရာတွင် လိုက်နာရမည့် စည်းကမ်းများ။

(၁) သက်ဆိုင်ရာ ကဏ္ဍများ အောက်တွင်သာ သက်ဆိုင်ရာ အကြောင်းအရာများကိုသာ ဆွေးနွေးရမည်။
(၂) ဆွေးနွေးချက် ခေါင်းစဉ်၏ အကြောင်းအရာကို လွဲချော်သွားစေနိုင်သောရေးသားချက်များ မပြုလုပ်ရ။
(၃) အဓိပ္ပါယ် မပြည့်စုံသော စာတစ်ကြောင်းသာပါသည့် ရေးသားချက်များ မပြုလုပ်ရ။
(၄) အပြုံးပုံလေးများသာ ပါသည့်ရေးသားချက်များ မပြုလုပ်ရ။
(၅) ပုံစံတူ ရေးသားချက်များ မပြုလုပ်ရ။
(၆) ပိုစ့်များရေးသားချက်အတွင်း Link ထည့်ရာတွင် Code ဆိုသည့်ခလုတ်ကိုနှိပ်ပြီးထည့်သွင်းရန်။




ကျေးဇူးတင်ပါသည်။
မြန်မာအိုင်တီမာစတာ
Back to top Go down
http://myanmaritmasters.friendhood.net
 
အသုံးမပြုမီဖတ်ရှုပေးပါ...
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Myanmar IT Masters :: Welcome :: ထုတ်ပြန်ကြေညာချက်များ-
Jump to: