Myanmar IT Masters
Would you like to react to this message? Create an account in a few clicks or log in to continue.
Myanmar IT Masters

Welcome to Myanmar IT Masters
 
HomeSearchLatest imagesRegisterLog inOrganized by LiN-X Computer Services Group

 

 missing NTLDR in Windows

Go down 
AuthorMessage
shAne
လေ့လာသူ
လေ့လာသူ



Posts : 11
Join date : 2010-09-15

missing NTLDR in Windows Empty
PostSubject: missing NTLDR in Windows   missing NTLDR in Windows I_icon_minitimeWed Sep 15, 2010 11:45 pm

အခုနောက်ပိုင်းမှာ NTLDR ပျောက်ပြီး Windows မတက်တော့ဘူးဆိုတာ တော်တော်များများ ဖြစ်ဖူးကြတဲ့ပြဿနာပါ။

(၁။) NTLDR ဆိုတာဘာလဲ။

NTLDR ဆိုတာ NT Loader ရဲ့အတိုကောက်ဖြစ်ပါတယ်။ ၎င်းဟာ Hard Disk ရဲ့ Boot Sector မှာရှိတဲ့ Program တစ်ပုဒ်ပဲဖြစ်ပါတယ်။ သူကဘာတွေလုပ်ပေးလဲဆိုတော့ Windows NT ကိုတက်လာအောင်ကူညီပေးခြင်းနှင့် Windows NT Startup Menu ကိုပြပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။ အဲ့ဒီ NTLDR ဆိုတဲ့ Program File ဟာအကြောင်းအမျိုးမျိုးကြောင့် Hard Disk ရဲ့ Boot Sector ကနေပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပြူတာဟာ Windows မတက်နိုင်တော့ပါဘူး။ Windows XP ဟာလည်း Windows NT ပေါ်ကိုအခြေခံတည်ဆောက်ထားတာကြောင့် NTLDR ကိုအသုံးပြုပါတယ်။ ဒါကြောင့် NTLDR ပျောက်သွားရင် Windows XP လည်းမတက်တော့ပါဘူး။ ကွန်ပြူတာဟာ Boot လုပ်တဲ့အချိန်မှာ “NTLDR is missing” “Press any key to Restart” (သို့) “Press Ctrl+Alt+Del to Restart” လို့ပြောပြီး Windows တက်တော့မှာမဟုတ်ပါဘူး။

(၂။) NTLDR ဘာကြောင့်ပျောက်တာလဲ?

၁။ Boot မလုပ်ပေးနိုင်တဲ့နေရာကနေ ကွန်ပြူတာကို သွားပြီး Boot ခိုင်းရင်လည်း ဒီလို Error ပေါ်တတ်ပါတယ်။ ကျွန်တော်တို့ ကွန်ပြူတာက Boot လုပ်တဲ့အခါ ဘယ်ကနေ Boot လုပ်ရမယ် NTLDR ကိုဘယ်မှာသွားခေါ်ရမယ်ဆိုတဲ့နေရာကို Boot Device လို့ခေါ်ပါတယ်။ ၎င်း Boot Device ကို CMOS Program ရဲ့ Advance Chipset Features ကနေပြောပေးလို့ ရပါတယ်။ ဒီတော့ NTLDR is missing ဆိုပြီး ဒီပြဿနာ ဖြစ်ခဲ့ရင် ဦးစွာ CMOS ထဲဝင်၊ Advance Chipset ထဲမှာ Boot Devices ကိုသေချာကြေညာထားရဲ့လားဆိုတာကို ၀င်ကြည့်ရမှာဖြစ်ပါတယ်။
၂။ Hard Disk ကို BIOS ထဲမှာ မကြေညာထားရင် ကွန်ပြူတာက Hard Disk ကိုမသိဘူးဖြစ်နေတာပေါ့။ Hard Disk ကိုကွန်ပြူတာက မတွေ့မှတော့ NTLDR ကိုဘယ်သွားခေါ်မလဲ။ ဒီပြဿနာကလည်း ခုနကလိုပဲ NTLDR တကယ်ပျောက်တာ မဟုတ်ဘူး။ NTLDR ရှိတဲ့ Hard Disk ကိုကွန်ပြူတာက မတွေ့တော့ဘာမှလုပ်မရဘူးဖြစ်သွားတာ။ BIOS မှာသေချာကြေညာထားလိုက်ရင်ရပြီ။
၃။ နောက်တစ်ခုက Hard Disk ကိုကွန်ပြူတာမှာ သေချာမတတ်ထားမိလျှင်လည်း ဒီပြဿနာဖြစ်နိုင်တာပဲ၊ ဒီတော့ Hard Disk ကိုသေချာပြန်တတ်၊ ဒါမှမဟုတ် Hard Disk က တကယ်ပဲပျက်နေလို့လား။
၎။ ဒီတစ်ခုကျတော့တကယ်ပဲ NTLDR ပျက်တာ၊ ထို့အတူ NTLDR နှင့်အလားတူ NTDETECT.COM ဆိုတဲ့ File ရှိသေးတယ်။ အဲဒီ File ပျက်သွားရင်လည်း Windows မတက်နိုင်ဘူး။ NTLDR နှင့် NTDETECT.COM တို့ဟာလုံးဝ ပျက်သွားသည်ဖြစ်စေ၊ တစ်ပိုင်းတစ်စပဲပျက်သည်ဖြစ်စေ Windows မတက်နိုင်တော့ပါဘူး။
၅။ Boot.ini ဆိုတဲ့ File မှာမှားယွင်းပြီး Configuration လုပ်ထားရင်လည်း ဒီလိုပြဿနာဖြစ်တတ်ပါတယ်။ Boot.ini File ဆိုတာ Hard Disk System Partition ရဲ့ Root (C:\) အောက်မှာရှိပါတယ်။ ဒါပေမယ့် ဒါကတော့ဖြစ်ခဲတဲ့ ပြဿနာပါ။ အဲဒီလိုဖြစ်ခဲ့ရင်လည်း NTLDR လိုပဲ Boot.ini ကိုအခြားစက်ကနေကော်ပီကူးပြီး မိမိစက်ထဲပြန်ထည့်ပေးလိုက်ရင်ရပါပြီ။
၆။ FAT32 ကိုအသုံးပြုထားတဲ့ Windows 95, 98 နှင့် ME တို့ကနေ Windows XP ကို Upgrade လုပ်ရင်လည်းဖြစ်တတ်ပါတယ်။
၇။ Hard Disk အသစ်တစ်လုံးတတ်လိုက်တဲ့ အခါမှာလည်း ဖြစ်တတ်ပါတယ်။
၈။ Hard Disk ထဲမှာရှိတဲ့ Boot Sector ဒါမှမဟုတ် Master Boot Record ပျက်သွားရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ်။ NTLDR က Boot Sector မှာနေတာကိုး။ ဒါမျိုးက Hard Disk အိုလာရင်ဖြစ်တတ်ပါတယ်။ အိုလာတဲ့ Hard Disk တိုင်းတော့မဟုတ်ဘူးပေါ့ဗျာ။ အဲလိုဆိုရင်တော့ Hard Disk ကို Partition ပိုင်း Format ပြန်ချကြည့်။ အဲဒါမှမရရင် တော့၎င်း Hard Disk ကို Data သိမ်းရုံပဲသိမ်းနိုင်ပြီး Boot မလုပ်နိုင်တဲ့အတွက် သင်ဟာ Hard Disk တစ်လုံးအသစ်လဲရမှာဖြစ်ပါတယ်။
၉။ နောက်ဆုံးတစ်ခုကတော့ ဒီ Windows 2000 ဒါမှမဟုတ် Windows XP System ကြီးတစ်ခုလုံးပျက်နေရင်လည်း ဖြစ်တတ်ပါတယ်။

(၃။) ဖြေရှင်းခြင်း။

Windows XP Installer ကို CD Drive ထဲထည့်ပါ။ ဒီအတွက်သင့်မှာ CD Drive ရော၊ Windows XP Installer CD ပါရှိနေရမှာဖြစ်ပါတယ်။ ၎င်း စီဒီဖြင့် ကွန်ပြူတာကို Boot လုပ်ပါ။ စီဒီကနေ Boot လုပ်ဖို့အတွက် Press Any Key လုပ်ပါဆိုလျှင် ကီးဘုတ်မှကြိုက်ရာ ကီး တစ်ခုနှိပ်ခြင်းဖြင့် သင့်ကွန်ပြူတာဟာစီဒီကနေ Boot လုပ်လာမှာဖြစ်ပါတယ်။
စီဒီကနေ Boot လုပ်ပြီးလို့ ပထမဦးဆုံး Screen မှာကျွန်တော်တို့ဟာ Repair လုပ်မှာဖြစ်တဲ့အတွက် ကီးဘုတ်ကနေ R လို့နှိပ်ပါ။ အဲ့ဒီအခါမှာတော့ ကျွန်တော်တို့ဟာ Windows XP ရဲ့ Recovery Console ထဲကိုရောက်သွားပါလိမ့်မယ်။ သင်ဟာ Recovery Console ထဲရောက်ဖို့ Logon လုပ်ဖို့နှင့် Administrator Password ရိုက်ထည့်ဖို့ လိုကောင်းလိုဦးမှာဖြစ်ပါတယ်။
Recovery Console အတွင်းကိုရောက်သွားပြီဆိုလျှင် ကျွန်တော်တို့ CD Drive ရဲ့ i386 ဆိုတဲ့အခန်းထဲက NTLDR ဆိုတဲ့ဖိုင်ကို ကော်ပီကူးပြီး Hard Disk ရဲ့ C: ထဲထည့်ပေးလိုက်ရင်ပြီးဆုံးပြီဖြစ်ပါတယ်။ ဒီလိုဆိုကျွန်တော်တို့ဟာ Windows အစအဆုံးပြန်တင်ပေးစရာမလိုတော့ပါ။
ကော်ပီကူးရမယ့် Command ကတော့ -

copy d:\i386\ntldr ပဲဖြစ်ပါတယ်။
Ref: PC Mechanic
Back to top Go down
 
missing NTLDR in Windows
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Myanmar IT Masters :: IT :: Operating Systems :: Windows-
Jump to: