Myanmar IT Masters
Would you like to react to this message? Create an account in a few clicks or log in to continue.
Myanmar IT Masters

Welcome to Myanmar IT Masters
 
HomeSearchLatest imagesRegisterLog inOrganized by LiN-X Computer Services Group

 

 Window 7 Bitlocker

Go down 
AuthorMessage
shAne
လေ့လာသူ
လေ့လာသူ



Posts : 11
Join date : 2010-09-15

Window 7 Bitlocker Empty
PostSubject: Window 7 Bitlocker   Window 7 Bitlocker I_icon_minitimeThu Sep 16, 2010 6:03 am

Windows 7 မှာအားသာချက်က bitlocker ဖြင့် drive တွေ sub stick တွေကို password တွေနဲ့ ပိတ်ထားလို့ ရပါတယ်..ကိုယ့် ရဲ့ စက်မှာ password နဲ့  drive တွေ sub stick တွေကို ပိတ်ထား ချင်သူများအတွက်အဆင်ပြေလှပါတယ်..အောက်ကအတိုင်း တဆင့်ချင်းလုပ်လိုက်ရုံပါပဲ..
၁။ပထမဆုံး control panel ထဲက system and security ကိုသွားရင် အောက်ကအတိုင်း Bitlocker DriveEncryption ကိုတွေ့ ပါမယ်…သူ့ ကို click လိုက်ပါ..

Window 7 Bitlocker 84299280

၂။အောက်က ပုံတွင် မိမိ lock လုပ်မည့် drive ဘေးမှာရှိတဲ့ Turn on Bitlocker ကို click ပါ..ကျနော်က usb stick ကို lock လုပ်မှာဖြစ်တဲ့ အတွက် usb drive (L)ကိုရွေးချယ်ထားပါတယ်..

Window 7 Bitlocker 86315472

၃။အောက်မှပုံအတိုင်း use a password to unlock the drive ကိုအမှန်ခြစ်ပေးပါ..ပြီးတာနဲ့ password ရိုက်ထည့်ပေးပါ..နှစ်ခါစလုံး password တူရပါမယ်..password ထည့်ပြီးရင် Next ကို click ပါ…


Window 7 Bitlocker 21535534

၎။Save usb recovery key to a file ကိုရွေးပါ..saveလုပ်ဖို့ location ကျလာရင် နာမည်တစ်ခုခုပေးပြီး save လိုက်ပါ..ဒါက အကယ်လို့ များ ကိုယ်ပေးထားတဲ့ password မေ့သွားတယ်ဆိုရင် ကိုယ် save လိုက်တဲ့ ဖိုင်ထဲမှာ keys တွေပါပါတယ် အဲဒီ keys တွေနဲ့ ရိုက်ထည့်ပြီးrecovery လုပ်နိုင်ပါတယ်…

Window 7 Bitlocker 32548277

၅။အောက်ကပုံအတိုင်း start encrypting ကိုနိုပ်လိုက်တာနဲ့ စပြီး usb drive ကို စပြီး encrypt လုပ်နေပါပြီ…

Window 7 Bitlocker 47687247

၆။ဒီအဆင့်မှာ Encrypting လုပ်နေစဉ်မှာ usb ကို ဖြုတ်လိုက်တာမျိုး မီးရုတ်ချည်းပြတ်တာမျိုးမဖြစ်အောင်ဂရုပြုရပါမယ်..သို့ မဟုတ်က usb drive ပျက်စီးသွားနိုင်ပါတယ်…Encrypting လုပ်တာ 100% ပြည့်အောင်စောင့်လိုက်ပါ…

Window 7 Bitlocker 80192556


၇။ 100% Encrypting ပြီးရင် My Computer ထဲမှာကြည့်လိုက်တာနဲ့ အောက်ကပုံလေးအတိုင်း drive ကိုသော့ခတ်ထားတဲ့ ပုံလေးတွေ့ ရမှာပါ…သူကို encrypting လုပ်လုပ်ပြီးချင်းဖွင့်တာဖြစ်တဲ့ အတွက် ရနေပါဦးမယ်...effect ဖြစ်စေဖို့ အတွက် Computer ကိုRestart ချပေးလိုက်ပါ ..

Window 7 Bitlocker 93512460

၈။စက် ပြန်တက်လာပြီးတဲ့ နောက် usb drive ကိုဖွင့်လိုက်ရင် password တောင်းနေတာတွေ့ ပါလိမ့်မယ်..မိမိပေးခဲ့ တဲ့  password ကိုရိုက်ထည့်ပေးလိုက်ပါ..ဒါဆိုရင် windows 7 ကပေးတဲ့ Bitlocker security လေးက အတိုင်းတာတစ်ခုထိ လုံခြုံမှုပေးနိုင်မည်ဖြစ်ပါတယ်… ကိုယ်ကပြန်မလိုချင်တော့ဘူး drive ကို unlock ပေးချင်တယ်ဆိုရင် control panel ထဲက system and security ထဲမှ ကိုယ့်ရဲ့ drive ကို Turn off Bitlocker လုပ်လိုက်ရုံပါပဲ ..password တစ်ကြိမ်တောင်းပါလိမ့်မယ်.. ရိုက်ထည့်ပေး လိုက်တာနဲ့နဂို အနေ ထားတိုင်းပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်..အဆင်ပြေကြပါစေခင်ဗျာ..

မှတ်ချက်။ ။ Window 7 တစ်ခုပဲသုံးလို့ ရပါမယ်။
Window XP တို့ Vista တို့မှာ ကိုယ့် ရဲ့ Encrypt လုပ်ထားတဲ့ Memory Stick က ဖွင့်လို့မရပါဖူး။
Back to top Go down
 
Window 7 Bitlocker
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Myanmar IT Masters :: IT :: Operating Systems :: Windows-
Jump to: